“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (မတ်လ ၁၀ရက် မှ ၁၆ အထိ)

Author လင်းနွေဦး
Categories
Published on Mar 16, 2024

“အကုန်နီးပါး ဈေးပြန်တက်တဲ့ စက်သုံးဆီ”

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဈေးတွေကျခဲ့တဲ့ စက်သုံးဆီဟာ ခုတစ်ပတ်မှာတော့ ဈေးတွေပြန်တက်ခဲ့ပြီး အဆင့်မြင့်ဒီဇယ် တစ်မျိုးတည်းသာ ယခင် အပတ်ကအတိုင်း မပြောင်းမလဲ ငြိမ်နေခဲ့ပါတယ်။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၀ ကျပ်ကနေ ၅ ကျပ်တိတိသာ ဈေးတက်ခဲ့ပြီး ဓာတ်ဆီအမျိုးအစားတွေ အဖြစ် 92 အောက်တိန်းတစ်လီတာကို ၂၆၈၀ ကျပ်က‌နေ ၅၀ ကျပ် တိုး၍လည်းကောင်း၊ 95 အောက်တိန်း တစ်လီတာကို ၂၇၉၀ ကျပ်ကနေ ၅၅ ကျပ်တိတိ တိုး၍လည်းကောင်း ဈေးတက်ခဲ့ပါတယ်။

 

မတ်လ တတိယပတ် စက်သုံးဆီ အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်၊ ဓာတ်ဆီ အမျိုးအစားများ အဖြစ် 92 အောက်တိန်း တစ်လီတာ ၂၇၃၀ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာ ၂၈၄၅ ကျပ် ဈေးရှိပါတယ်။