“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ”(မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ)
“အကုန်တက်တဲ့ နိုင်ငံခြားငွေကြေး”
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဟာ ဒီအပတ်မှာတော့ အကုန်ပြန်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ပုံမှန်ထက်ကျတဲ့ ရက်သတ္တပတ်လို့ သုံးသပ်ရမှာပါ။
ဒေါ်လာအမျိုးအစားတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ စင်ကာပူဒေါ်လာတွေ တက်လာတာအပြင် ထိုင်းဘတ်နဲ့ မလေးရှားရင်းဂစ်တွေ တက်လာတာကလည်း ငွေလဲနှုန်းပေါ် မှီခိုရတဲ့ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ ငြီးငြူကြတဲ့ ရက်သတ္တပတ်လို့ဆိုရင် မမှားပါဘူး။
ဒီတစ်ပတ်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၀ နှုန်း တိုးလာခဲ့ပြီး စင်ကာပူဒေါ်လာကလည်း တစ်ဒေါ်လာ ကျပ် ၃၀ တိတိတိုးခဲ့တယ်။ ထိုင်းတစ်ဘတ်ကလည်း ၁ ဒသမ ၄ ကျပ်နှုန်း တိုးခဲ့တဲ့အပြင် မလေးရှား တစ်ရင်းဂစ်ကလည်း ၁၂ ကျပ်အထိ တိုးလာခဲ့တာပါ။
မတ်လ ၉ ရက်နေ့ စနေနေ့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၆၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၆၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၂ ဒသမ ၄ ကျပ်၊ ဂျပန်တစ်ယမ်း ၂၄ ဒသမ ၅၃ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၇၇၉ ကျပ်၊ တရုတ်တစ်ယွမ် ၄၉၆ ကျပ် ဈေးရှိခဲ့ပါတယ်။