ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဆင့်ထိရောက်လာနိုင်ခြေနည်းပါးတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားလိုက်ပါတယ်။
ဒီကနေ့ညနေပိုင်းအထိ စစ်ကောင်စီမိုးဇလရဲ့ မိုးလေဝသ ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။