ထီးလင်းတွင် စစ်ကောင်စီတပ်မှ နေအိမ်အချို့အား မီးရှို့ဖျက်ဆီး

Author ခေတ်နီ
Categories
Published on Oct 26, 2022

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် တချို့ ပျက်စီးခဲ့ရကြောင်း ယောအလင်းတန်းမှ ထုတ်ပြန်ထားသည်။

ထီးလင်းမြို့နယ်အတွင်းရှိ အိုင်းမကျေးရွာကို စစ် ကောင်စီတပ်မှ ယနေ့မနက်ပိုင်းမှစတင်ကာ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ်၅လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များမှာဦးချစ်စရာ၊ ဦး‌အောင်လင်း ၊ဦးမိုးကျော် ၊ဦးကြည်ဝင်း ၊ဦးမျိုးညွှန့်တို့၏ နေအိမ်များဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည် ရွာအနောက်ဘက် ထီးလင်း-ဂန့်ဂေါလမ်းမပေါ်ရှိ ဒေသအခေါ် ချောင်းပေါက်လမ်းခွဲမှ ဆိုင်ခန်း ၂ ခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။