ထား၀ယ်မြို့ရှိ စစ်ဆေးရေးဂိတ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

Author လင်းခိုင်
Categories
Published on Dec 13, 2022

 

ထား၀ယ်မြို့ရှိ စစ်ဆေးရေးဂိတ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF(ထား၀ယ်-ပကဖ)က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၁ ရက် ၊ နေ့လယ် ၁နာရီ မိနစ် ၃၀ ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဘုရားမဲ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မူလအစီအစဉ်သည် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၀င်ရောက်စီးနင်းသိမ်းပိုက်ရန် ကြိုးစားထားသော်လည်း ပြည်သူတစ်ဦးထံမှ စစ်ကောင်စီဘက်သို့ သတင်းပေါက်ကြားခဲ့သဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းပြီး ၄၀ မမ ခြောက်လုံးအသုံးပြုပြီး လက်နက်ကြီးဖြင့်သာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အနီးနားပတ်၀န်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခုစစ်ဆင်ရေးအား Dawei Guerrilla Revolutionary Force-DGRF(ထား၀ယ်-ပကဖ)၊ ကော်သူလေးတပ်မတော်၊ သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် KCL Force တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တနင်္သာရီတိုင်း #ထားဝယ်မြို့ #စစ်ဆေးရေးဂိတ်