ထားဝယ်-မြတ်ရှင်မော်လမ်းပိုင်း ညအချိန် ဖြတ်သန်းသွားလာခြင်း မပြုရန် မေတ္တာရပ်ခံလာ

Author CJ-001
Categories
Published on Oct 05, 2022

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ထားဝယ်- မြတ်ရှင်မော်သွား ကားလမ်းမကြီးကို ညအချိန် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် Dawei Defense Team တပ်ခွဲ(၃) ထားဝယ် ပကဖမှ အသိပေး မေတ္တာရပ်ခံထားသည်။

ယနေ့ အောက်တိုဘာလ ၅ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၈နာရီမှ မနက် ၃နာရီအထိ ပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားခြင်းများ မလုပ်ဆောင်ရန် တားမြစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကားလမ်းမပေါ်တွင် နေ့အချိန် သွားလာသည့် ပြည်သူများအနေဖြင့်လည်း ကားမှန်ချမောင်းနှင်ခြင်း၊ အရှိန်လျော့မောင်းနှင်ခြင်း၊ တင်ဆောင်လာသည့် ပစ္စည်းများ၊ ခရီးသည်များကို အဝေးမှ မြင်နိုင်ရန် စီမံပေးခြင်းများ လုပ်ဆောင်ပြီး စစ်ကောင်စီတပ် ယာဉ်များနှင့် ကပ်မလိုက်ကြရန် သတိပေးထားသည်။