ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ထပ်မံချခံရ

Author ခူးဆယ်
Categories
Published on Dec 03, 2022

 

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား တစ်ဦးဖြစ်သူ ကိုရာဇာထွန်းကို ထားဝယ်ခရိုင် တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် DPPN မှ ထုတ်ပြန်ထားသည်။

ကိုဇာရာထွန်းအား လူသတ်မှုကျူးလွန်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၃၀၂/၁၄၄ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထားဝယ်ခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်လိုက်တာ ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၅ရက်နေ့ကလည်း စစ်ကောင်စီမှ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါသေးသည်။

ကိုရာဇာထွန်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး ထားဝယ်မြို့တွင် ဖောက်ခွဲရေးများ လုပ်ဆောင်ခြင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဆိုသည့် စွပ်စွဲချက်များဖြင့် ပုဒ်မ ၈ ခုဖြင့် တရားစွဲဆိုကာ စစ်ကောင်စီမှ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ထားတာပဲ ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်တွင်း ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ ၂ ခုဖြင့် စစ်ကောင်စီမှ ထပ်တိုး အမှုဖွင့်ခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တနင်္သာရီတိုင်း #ထားဝယ်အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား