ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းမှ သိန်းတစ်ထောင် ကမ်ပိန်းပြုလုပ်၊ ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်

Author ခွန်စစ်နိုင်
Categories
Published on Oct 26, 2023

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ်( ၁) ပြည်သူ့ကာကွယ်ရေးတပ်မှ ဦးဆောင်၍ “Sky Ghost Drone အပီဝုန်း ” သိန်း၁၀၀၀ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။

“စစ် အာ ဏာ ရှင် စနစ် နှင့် စစ် ကောင် စီ ထောက်တိုင် များကို ဝေဟင်ယံမှ ကြီးစိုး၍ အမြစ် ဖျတ် ချေ မှုန်း နိုင်မည့် Drone အမျိုးစားများအား ဝယ်ယူရရှိနိုင်ဖို့အတွက် ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်း ၏ ဝိုင်းတွန်းဇို့ Fund raising Team နှင့် Sky Ghost Drone Froce တို့ ပူးပေါင်းပြီး “”Sky Ghost Drone အပီဝုန်း “” ဆိုတဲ့ သိန်း၁၀၀၀ ရရှိရေးကမ်ပိန်း ကိုပြုလုပ်ရတာဖြစ်ပြီး ကမ်ပိန်းမှ ရရှိလာသောအလှူငွေများဖြင့် အဆင့်မြင့် ကင်းထောက်ဒရုန်းနှင့် တိုက်ခိုက်ရေး ဒရုန်းများအား ဝယ်ယူရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ” ကမ်ပိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကမ်ပိန်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ထိ သတ်မှတ်ထားကာ ယနေ့ထိ ၂၄ ရာခိုင်နှုန်းသာ ရရှိနေသေးသဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုကြောင်း ၎င်းကဆိုသည်။

ကမ်ပိန်းတွင် ပါဝင်လိုသူများအနေဖြင့် ”ဝိုင်းတွန်းဇို့” နှင့် “Sky Ghost Drone Force ” Pageများတွင် ဆက်သွယ်ပြီး ပါဝင်နိုင်သလို ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံများသို့ ဖြန့်ဝေထားသော အလှူခံဖြတ်ပိုင်းစာအုပ်များမှ တဆင့်လည်း ပါဝင် အားဖြည့်လှူဒါန်းနိုင်ကြောင်း သိရသည်။