ထရမ့်တက်မယ်လို့ သတင်းထွက်နေတဲ အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွယ်မရှိ

Author CJ Platform
Categories
Published on Aug 23, 2025

လာမယ့် အောက်တိုဘာလမှာ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ့် အလားအလာ မရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောကြောင်း CNA သတင်းဌာနက ဖော်ပြပါတယ်။ ဒီသတင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှု ဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားစေခဲ့ပါတယ်။