ထင်းရှုးကျေးရွာ နယ်မြေရဲစခန်းကို YGF ၀င်ရောက် တိုက်ခိုက် ရဲ ၃ ဦးသေဆုံးပြီး ၊ ၅ဦး ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Jan 19, 2023

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာ အခြေစိုက်(င) အဆင့် နယ်မြေရဲစခန်းကို Ye Guerrilla Force အဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ယင်းရဲစခန်းကို Ye Guerrilla Force အဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီရဲစခန်းမှာ ရဲ ၁၀ ဦးလောက်အင်အားရှိတယ်။ ကျွန်တော်တို့ အဖွဲ့ရယ် အခြားပူးပေါင်းအဖွဲ့တွေ ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာ၊ မိနစ် ၂၀ ခန့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးတော့ သူတို့ဘက်က ၃ ဦးသေဆုံးပြီး၊ ၅ ဦးဒဏ်ရာရရခဲ့တယ်။ မြေပြင် တိုက်ပွဲအခြေအနေကြောင့်တော့ လက်နက်သိမ်းဆည်းရမိခဲ့တာမရှိပါဘူး” ဟု Ye Guerrilla Force ၏ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ စောခေတ်သစ်က CJ Platform သို့ပြောကြားသည်။

စခန်းအား သိမ်းယူရန် ပြုလုပ်ခဲ့သော်လည်း မြေပြင်တိုက်ပွဲအခြေအနေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး၊ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁၁ ရက်တွင်လည်း Ye Guerrilla Force အဖွဲ့သည် လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်းရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့ပြီး၊ ယင်းစခန်းရှိရဲများ ထွက်ပြေးခဲ့သဖြင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇန်နဝါရီ ၁၂ ရက်ကလည်း ရေးခရိုင်၊ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူး လှိုင်းမင်းသန့်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် ဒုရဲမှူး သေဆုံးခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ- Google
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #သံဖြူဇရပ် #နယ်မြေရဲစခန်း