တွဲကစားဖူးသမျှတွေထဲက အကောင်းဆုံး (၁၁) ယောက်ကို ရွေးချယ်ခဲ့တဲ့ ဂနာဘရီ

Author မောင်ရှမ်း
Categories
Published on Dec 01, 2022

ဂျာမနီလက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမား ဂနာဘရီကတော့ သူ့ရဲ့ကစားသမားဘဝမှာ တွဲဖက်ကစားဖူးတဲ့ အသင်းဖော်တွေထဲက နေရာအလိုက် အကောင်းဆုံး (၁၁) ယောက်ကို ရွေးချယ်သွားခဲ့ပါတယ်။

ဂိုးသမားနေရာမှာတော့ ဂျာမနီနဲ့ ဘိုင်ယန်အသင်းဖော် နူအာကို ရွေးချယ်ခဲ့ပြီး နောက်တန်းလေးယောက်နေရာမှာတော့ ဘိုင်ယန်မြူးနစ်မှာတွဲကစားဖူးတဲ့ အလာဘာနဲ့ ဒေးဗီးစ်၊ အာဆင်နယ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မာတီဆက်ကာနဲ့ ဘယ်လာရင်တို့ကို ရွေးချယ်ထားခဲ့ပါတယ်။

ကွင်းလယ်သုံးယောက်တန်းကိုတော့ ဂျာမနီနဲ့ ဘိုင်ယန်အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ ကင်းမစ်ချ်နဲ့ ဂိုရက်ဇ်ကာ၊ အာဆင်နယ်အသင်းဖော်ဟောင်း အိုဇေးလ်၊ တိုက်စစ်ပိုင်းမှာတော့ ဘိုင်ယန်မှာ အသင်းဖော်ဖြစ်ခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ ကိုးလ်မန်း၊ ဆာနေးတို့ကို ရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ ဂနာဘရီရဲ့ ဂျာမနီလက်ရွေးစင်အသင်းဟာ သောကြာနံနက်မှာတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကော်စတာရီကာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။