တော်ဝင်မိသားစုကို အသရေဖျက်မှုကနေ ဝန်ကြီးချုပ်ဟောင်းသက်ဆင် တရားသေလွတ်မြောက်

Author CJ Platform
Categories
Published on Aug 22, 2025

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာအပေါ် စွဲဆိုထားတဲ့ တော်ဝင်အသရေဖျက်မှုနဲ့ ကွန်ပျူတာရာဇဝတ်မှုဆိုင်ရာ စွဲချက်အားလုံးကို ဘန်ကောက်ရာဇဝတ်တရားရုံးက ပလပ်လိုက်ကြောင်း ဒီနေ့ ဩဂုတ် ၂၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ရှင်နာဝပ်မိသားစုရင်ဆိုင်နေရတဲ့ တရားရေးစိန်ခေါ်မှုတွေထဲက ပထမဆုံးနဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။