တော်လှန်ရေးအဖွဲ့အားလုံးမှ နိုင်ငံရေး ၊ စစ်ရေးများကို တိုက်စစ်ဆင်ဆောင်ရွက်နေဟု NUG ၀န်ကြီးပြောကြား

Author မွန်လေး
Categories
Published on Jan 27, 2023

 

တော်လှန်ရေးအဖွဲ့အားလုံးမှ နိုင်ငံရေး၊ စစ်ရေးများကို တိုက်စစ်ဆင်ဆောင်ရွက်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး နိုင်ထွန်းဖေ(ခ) နိုင်သု၀ဏ္ဏက ပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲတွင် ပြည်ထောင်စု၀န်ကြီးက အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးက ယခုအချိန်သည် နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်အားလုံးတွင် တော်လှန်ရေးအဖွဲ့အားလုံးမှ တိုက်စစ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်အုပ်ချုပ်ရေးဖော်ဆောင်မှုသည် အရေးကြီးပြီး အချင်းချင်း ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အုပ်ချုပ်ရေးဖော်ဆောင်ရာ၌ နိ်ုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးအစရှိသည်များတွင် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ပြည်ထောင်စု၀န်ကြီးက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၀င် ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းအတွင်း၀န်များ၊ တွဲဖက်အမြဲတမ်းအတွင်း၀န်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာ၀န်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #အလုပ်သမားဝန်ကြီးဌာန #နိုင်ထွန်းဖေ