တောပု ပျူရွာတိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၄ ဦးသေဆုံးကာ ၆ဦးအပြင်းအထန်ဒဏ်ရာရ

Author မွန်လေး
Categories
Published on Dec 19, 2022

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄ဦးသေဆုံးကာ ၊ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း Monyea Lighting PDFက ယနေ့ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခန့်တွင် တောပုပျူရွာအတွင်းရှိ ပျူစောထီးနှင့်စစ်သားများ အထိုင်နေရာသို့ ၄၀ မမနှင့် လေးချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကဲ့သို့ တိုက်ခိုက်မှုကြောင့် ပျူစောထီးနှင့်စစ်သား ၄ဦး သေဆုံးကာ ခြောက်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တောပုရွာက တစ်ရွာလုံးနီးပါး ပျူစောထီးတွေ ၊ စကစနဲ့ပျူတွေအင်အားအရမ်းများတဲ့ရွာ အဲ့ဒီရွာကိုတိုက်ခိုက်ခဲ့တာပါ၊ အခက်အခဲကြောင့် သတင်းထုတ်ပြန်တာနောက်ကျသွားတယ်”ဟု Monyea Lighting PDFက တာဝန်ရှိသူတစ်ဦးမှ CJ Platformသို့ပြောသည်။

ဒီဇင်ဘာ ၁၀ရက် ည ၁၀နာရီတွင်းလည် တောပုပျူရွာမှ ပျူစောထီးနှင့်စစ်သားများသည် ကြာပိုင်ရွာ အနောက်ဘက်၊ တောရကျောင်းအနီးရှိ ကွမ်းခြံများကို မီးရှို့ရန်ပြုလုပ်သဖြင့် ကာကွယ်ရေးတပ်များက ၄၀မမ နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ ထိခိုက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါစစ်ဆင်ရေးနှစ်ခုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force နှင့် Dragon Brother’s PDF တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ Monyea Lighting PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #မုံရွာမြို့ #PDF