တောင်သာနယ်မှ အုပ်ကြီးတစ်ဦး ရှင်းလင်းခံရ

Author ခေတ်နီ
Categories
Published on Sep 23, 2022

မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Myingyan Black Tiger (MBT)က ယနေ့မှာ ထုတ်ပြန်ထားသည်။

ပစ်ခတ်ရှင်းလင်းခံရသူဟာ တောင်သာမြို့နယ် လှည်းကူးမကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ဖြစ်ပြီး လက်နက်အားကိုးကာ ပြည်သူများအား အနိုင်ကျင့် ငွေတောင်းခြင်း၊ CDMများအား ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေတာကြောင့် ပြီးခဲ့သည့် စက်တင်လ ၂၁ ရက်နေ့မှာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရှင်းလင်းမှုအတွင်း အုပ်ချုပ်ရေးမှူးဦးထွန်းအောင်ကျော်ထံမှ M-22 သေနတ်တစ်လက်၊ကျည်ဘောက် (၃)ခု၊ (7.62)ကျည် (၃၇) တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရသည်။

ထိုရှင်းလင်းမှုကိုMyingyan Black Tiger ၊TTA ပြောက်ကျားတပ် (တောင်သာ)၊The Value Of Young Man (တောင်သာ)၊* JKP 22 *Submachine Gun Production in Burma ၊Natogyi Regional Defence Force
(မြေလတ်)အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ပဲ ဖြစ်သည်။