တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ

Author လဂွန်းအိမ်
Categories
Published on Mar 15, 2024

ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို မတ်လ၁၄ရက် ၊ည ၈နာရီ ၄၄မိနစ်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrier For Myanmar (BWM)အဖွဲ့ထံမှ သိရသည်။

 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ လေယာဉ်နှင့် လက်နက်တပ်ဆင်စက်ရုံတို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း ၊ Brave Warrier For Myanmar (BWM) အဖွဲ့ဦးဆောင်မှုဖြင့် Mountain Knights Civilian Defence Force (MKCDF)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကြိုတင်ပြင်ဆင်တာကတော့ အချိန်အတော်ယူပြီး ခက်ခက်ခဲခဲပြင်ဆင်ခဲ့ရပါတယ်၊ ပစ်မှတ်အနေနဲ့ ချိန်ရွယ်ခဲ့တာကတော့ လေယာဥ်ရယ် လက်နက်တပ်ဆင်ရုံရယ်၊ ဆီသိုလှောင်ရုံရယ်ပါ၊ ပစ်တာကတော့ ငါးလုံးပါ၊ သုံးလုံးက လေတပ်စခန်းထဲ အောင်မြင်စွာထိမှန်ခဲ့ပါတယ်” ဟု BWM တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

 

ရှော့တိုက်ဒုံးသုံးလုံးမှာ စစ်ကောင်စီလေယာဥ်၊ လက်နက်တပ်ဆင်ရုံ နှင့် ဆီသိုလှောင်ကန်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရှိရပြီး ကျန်နှစ်လုံးမှာ ချို့ယွင်းမှုဖြစ်ကာ ပေါက်ကွဲမှုမရှိခဲ့ဟုဆိုသည်။

 

စစ်ကောင်စီ၏ လေယာဉ်များထိခိုက်မှုအခြေအနေကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။