တောင်ငူမြို့နယ်အတွင်း ကျေးရွာအချို့ရေဝင်နစ်မြုပ်နေပြီး ကားလမ်းအချို့ သွားလာမရဖြစ်နေ

Author CJ Platform
Categories
Published on Jul 28, 2025

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၂၈ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး စစ်တောင်းမြစ်ရေနဲ့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာအချို့ရေဝင်နစ်မြုပ်နေပြီး ကားလမ်းအချို့ ရေကျော်ကာ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူ-ထန်းတပင်လမ်းပိုင်းမှာ ရေကျော်ဝင်ရောက်နေတာကြောင့် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ဘဲ ရပ်နားထားရတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (တောင်ငူ)ဟာ ချစ်ကြည်စုရွာထိပ်မှာ အသင့်နေရာယူထားပြီး တောင်ငူ-ထန်းတပင်လမ်းတလျှောက် ပိတ်မိနေသူတွေကို ကူညီပေးနေရပါတယ်။

 

ညောင်ပင်ကြီး-သာဂရလမ်းပိုင်းလည်း ရေကျော်နေပြီး မြစ်စောညီနောင်လမ်းမှာလဲ ရေကျော်ဝင်ရောက်နေတာကြောင့် ဖြတ်သန်းသွားလို့ မရတော့ဘူးလို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

 

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ပေခန့် ကျော်လွန်နေပြီး နောက် ၁ရက်အတွင်း ၂ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။

 

ဓာတ်ပုံ – Badan Sai ၊  Mar Mar Cho ၊ Ashin Pin Nyar (Facebook)