တီဗွီအဟောင်းများဖြင့် တီဗွီစေတီတည်မည်

Author မေ
Categories
Published on Nov 30, 2022

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ၌ တီဗွီအဟောင်းများဖြင့် တီဗွီစေတီတည်မည်ဟု သိရသည်။

စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ အုပ်စု၊ ပိတောက်ချပ်ရပ်ကွက်၌ ဘကြီးမှုံဆိုသူမှ ဦးဆောင်ကာ တီဗွီအဟောင်းများဖြင့် စေတီတည်ရန် အလှုခံနေခြင်း ဖြစ်သည်။ တီဗွီအဟောင်းအကျွမ်းများဖြင့် တီဗွီစေတီတည်ထား ကိုးကွယ်နိုင်ရန် အတွက် မိမိတို့နေအိမ်၌ အသုံးမပြုသော / ပျက်စီးနေသော တီဗွီအဟောင်းအကျွမ်းများကို စိတ်စေတနာ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်အား အကျိုးမျှော်ကာ အလှူခံအပ်ပါသည်ဟု လက်ကမ်းကြေညာအားလည်း လူမှုကွန်ယက်ပေါ်၌ ကြေညာထားသည်ကိုလည်း တွေ့ရသည်။

” ဌာပနာထဲ မီးကြိုးတွေထည့်မှာလား မသိဘူး”ဟု အဆိုပါ သတင်းအား လူငယ်တစ်ဦးက ရီမောကာ မှတ်ချက်ပြု ပြောကြားသည်။

ခေတ်အဆက်ဆက်၌ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အပေါင်းအပါ တစ်စုမှာ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်နှင့် စေတီတော်တို့အား ဝိနည်းနှင့် မညီညွှတ်ဘဲ ၎င်းတို့ စိတ်တိုင်းကျ ပုံဖော်ထုဆစ်ရန် ညွှန်ကြားလေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင်၌ ဇလုံများဖြင့် တည်ဆောက်ထားသော ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ကုန်ကျသည့် လျောင်းတော်မူရုပ်ပွားတော်ကြီးအား ဖွင့်လှစ်ခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ဘုရားဒါယကာဟု ကြေညာကာ နေပြည်တော်၌ ကျောက်ဆစ်ရုပ်ပွားတော် တစ်ဆူအားလည်း တည်ဆောက်နေသေးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #တီဗွီ #စေတီ #ဘုရားတည်

Related News

Depend on news