တိုက်ပွဲဖြစ်ပွားနေသည့် အင်းတော်မြို့နယ်မှာ လမ်းပိုင်းလေးခု ယာယီပိတ်

Author ခေတ်နီ
Categories
Published on Sep 25, 2022

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှစစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်း လေးခုကို ယနေ့စက်တင်ဘာလ ၂၅ရက်နေ့ ညနေမှစ၍ ယာယီပိတ်ထားမည်ဟု Indaw Revolution -IRက သတင်းထုတ်ပြန်ထားသည်။

အင်းတော်ဒေသအတွင်း တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် အင်းတော်-ကသာလမ်းပိုင်း ၊အင်းတော်-ဗန်းမောက်လမ်းပိုင်း ၊အင်းတော်-ထီးချိုင့်လမ်းလမ်းပိုင်း ၊အင်းတော်-မော်လူး လမ်းပိုင်းများကို ယနေ့ ညနေ၅နာရီမှစ၍ ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင့် အဆိုပါဒေသအတွင်း အင်တာနက်အခဲများ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန်နှင့် အင်တာနက်လိုင်းရသူများအနေဖြင့် ဖုန်းဖြင့်၎င်း၊ သင့်ရာနည်းဖြင့်၎င်း အချင်းချင်းဆက်သွယ်ပြီး သတိပေးကြရန်လည်း တိုက်တွန်းထားသည်။
ပုံစာညွှန်း- စစ်ကောင်စီ၏ နဘားတန်ပိုဂိတ် တိုက်ခိုက်ခံရစဉ် ပုံအဟောင်း