တိုက်ပွဲပြင်းထန်နေပြီး လက်နက်လိုအပ်ချက်ကြောင့် အလူးအလဲခံနေရတယ်လို့ ဗိုလ်ဂျပန်ပြော

Author CJ Platform
Categories
Published on Aug 26, 2022

တိုက်ပွဲပြင်းထန်နေပြီး လက်နက်လိုအပ်ချက်ကြောင့် အလူးအလဲခံနေရတယ်လို့ ဗိုလ်ဂျပန်ပြော
🖋စကားဝါ
လေယာဉ်များနှင့် လာရောက်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRAတို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်လိုအပ်ချက်ကြောင့် အလူးအလဲခုခံနေရတယ် PRAဦးဆောင်သူတစ်ဦးဖြစ်သူ ဗိုလ်ဂျပန်က ပြောသည်။
“လက်ရှိ လေယာဉ်နဲ့ ချသွားတဲ့ စကစ စစ်ကြောင်းနဲ့ PRA တပ်မတော်နဲ့ တိုက်ပွဲ အရမ်းကို ပြင်းထန်နေပါတယ်။ လက်ရှိ ကျွန်တော်တို့ အလူးအလဲကို ခံနေရရှာတယ်ဗျာ ။ NUG/MOD အစိုးရ တာဝန်ရှိသူများဆီကနေ အရေးပေါ်ငရုတ်သီးရယ်လို့ (၁)တောင့် တောင်ပို့ပေးခဲ့တာမရှိဘူးရယ်”ဟု ဗိုလ်ဂျပန်က သူ၏ လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်တွင် ဩဂုတ်လ ၂၀ရက်နေ့မှစတင်ကာ ၄ရက်တိုင်တိုင် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီး PRAမှ ၄ဦး ကျဆုံးခဲ့ပြီး ကျဆုံးသူရဲကောင်းများအနက် တစ်ဦးမှာ PRA၏ ဗဟိုကော်မတီဝင် ခေါင်းဆောင် ၄ဦးအနက်မှ တစ်ဦးဖြစ်သူ ဗိုလ်စိုင်းညီညီဆွေဖြစ်သည်။
PRAသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တရားဝင် တပ်ရင်းတပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။
စစ်ကောင်စီတပ်များသည် လက်နက်အင်အား လိုအပ်ချက်များ ရှိနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း လေယာဉ်များအားကိုးဖြင့် စစ်ကြောင်းထိုးကာ တိုက်ခိုက်နေခဲ့ပြီး ပြည်သူများနေထိုင်ရာ ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်