တာချီလိတ်က တောင်းရမ်းသူ ၅၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးပြီး နေရပ်ပြန်ပို့

Author CJ Platform
Categories
Published on Aug 22, 2025

ရှမ်းပြည်အရှေ့ပိုင်း၊ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ စစ်အုပ်စုက မြို့သာယာလှပရေးခေါင်းစဉ်နဲ့ တောင်းရမ်းစားသောက်သူတွေကို အကြီးအကျယ် ဖမ်းဆီးခဲ့ပြီး ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့မှာ နေရပ်တွေဆီ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်မှုကို ဒေသခံ စစ်ဗျူဟာမှူးက ကိုယ်တိုင်ဦးစီးခဲ့တာဖြစ်ပါတယ်။