တရုတ်အထည်ချုပ်စက်ရုံက အလုပ်သမားများကို လစာအပြည့်မပေးလို၍ လဝက်ဖြင့် အလုပ်ပိတ်သည့် အပြင် ရက်မှန်ကြေးများပါ ဖြတ်တောက်နေ

Author ခေတ်နီ
Categories
Published on Nov 13, 2022

 

ရန်ကုန်တိုင်း ရွှေလင်ပန်းစက်မှုဇုန်မှ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံတစ်ရုံသည် စက်ရုံရှိ အလုပ်သမားများအား လစာအပြည့်မပေးလို၍ ချူပ်လုပ်ရမည့် အထည်မရှိဟုဆိုကာ လစဥ်လဝက်နီးပါး အလုပ်ပိတ်မှုများ လုပ်ဆောင်နေပြီး အလုပ်သမားများ၏ ရက်မှန်ကြေးများကိုပါ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ထံမှသိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းအမှတ် 39/40 တွင်ရှိပြီးZARAနှင့် Ray Cassin စသည့် ကုန်အမှတ်တံဆိပ်များ ချုပ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင်သည့်

JOYFUL MYANMAR GARMENT COMPANY အထည်ချုပ် စက်ရုံသည် စက်ရုံရှိ လုပ်သားများ ခံစားခွင့် ရှိသော လစာများအား အပြည့်အဝ မပေးလိုခြင်းကြောင့် ချုပ်လုပ်ရမည့် အပ်ထည်မရှိဟုဆိုကာ လွန်ခဲ့သည့် ၃လခန့်မှ စတင်၍ လစဥ် လဝက်နီးပါး အလုပ်ပိတ်မှုများ လုပ်ဆောင်နေပြီး အလုပ်သမားများ နေမကောင်း၍ စက်ရုံပြင်ပသို့ထွက်ကာ ဆေးခန်းပြသရာတွင်လဲ gate pasd အချိန်တစ်မိနစ်ခန့်နောက်ကျလျှင်ပင် အလုပ်သမားများ၏ ရက်မှန်ကြေးမှ ၁၅၀၀၀ထိ ဖြတ်တောက်မှုများ ရှိနေတာပဲ ဖြစ်သည်။

“စက်ရုံက အလုပ်သမားတွေကို လစာအပြည့် မပေးချင်တော့ အထည်မရှိဘူးဆိုပြီး အလုပ်ပိတ်တယ် ပြီးတော့ လုပ်ခလစာမပေးဘူး အထည်ကိုများများနဲ့ မြန်မြန်ချုပ်ခိုင်းတယ် ပြီးရင် အလုပ်ပိတ်တယ် အဲ့လိုပဲ လတိုင်းလုပ်နေတာ တစ်လကို လဝတ်လောက် ဆင်းခိုင်းလိုက် ပိတ်လိုက်နဲ့ လုပ်တာဟု “FGWMမှ တာဝန်ရှိသူတစ်ဦးမှ CJ Platform ကိုပြောသည်။

ထို့အပြင် အဆိုပါ စက်ရှိအလုပ်သမားများသည် စက်ရုံသို့ စတင်ဝင်ရောက်သည်နှင့် စက်လိုင်းတာဝန်ရှိသူများမှ ဆဲဆိုခြင်းခံရပြီး အစိုးရရုံးပိတ်ရများတွင်လည်း အလုပ်သမားများ သဘောဆန္ဒမပါဘဲ အလုပ်ပိတ်ရက်အစားဟုဆိုတာ အတင်းအမ္မ ခိုင်းစေမှုများ ရှိနေကြောင်းလည်း သိရသည်။

ယခုလို အခြေအနေများကို အလုပ်သမားများဘက်မှ အလုပ်သမားရုံးတာဝန်ရှိသူများထံ တိုင်ကြားသော်လဲ လာရောက်ဖြေရှင်းပေးမှု တစုံတရာမရှိဘဲ အလုပ်ရှင်ဘက်မှ တိုင်လျှင် စက်ရုံအား ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #အထည်ချုပ်စက်ရုံ #ရန်ကုန်တိုင်း #ရွှေလင်ပန်းစက်မှုဇုန်