တရုတ်မှာ ကိုဗစ်ကပ်ရောဂါ တိုက်ပွဲအတွက် သတိပေးမှုတွေပြုလုပ်လာ
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ဆေးရုံတစ်ရုံက ၎င်းတို့ အခုနှစ်ကုန်မှာ ကြုံရမယ့် ကိုဗစ်ကူးစက်မှုဟာ ကြီးမားနိုင်မှာ ဖြစ်တဲ့အတွက် သတိထားသင့်တဲ့ အကြောင်းကို အသိပေးလာပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမြို့က ဆေးရုံဟာ မြို့တော်ရဲ့ လူဦးရေ ၂၅ သန်းရဲ့ ထက်ဝက်ခန့်ဟာ ကိုဗစ်ကူးစက်မှု ခံရနိုင်တယ်လို့ ခံမှန်းထားတာပါ။
အဲ့ဒီ ဆေးရုံတစ်ရုံဟာ သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ကိုဗစ်ကပ်ရောဂါအတွက် ကြိုတင် သတိပေးချက်တွေလည်း ပေးထားပါတယ်။
တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းချက်တွေ ပြန်ရုတ်သိမ်းလိုက်ပြီး နောက်မှာ နိုင်ငံအတွင်း ကိုဗစ်ကူးစက်သူဦးရေ မြင့်မားလာခဲ့ပါတယ်။
မြို့တော် ဘေဂျင်းမှာတောင် ပြီးခဲ့တဲ့ ရက်ပိုင်းက နှာခေါင်းထဲထည့်ရတဲ့ ကိုဗစ် ရှူဆေးတွေကို ကျန်းမာရေးတာဝန်ရှိသူတွေက ပြည်သူတွေကို ထည့်ပေးပါသေးတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်က အသုဘအခမ်းအနား စီစဉ်သူတွေက သူတို့ရဲ့ ဝင်ငွေတွေ တိုးတက်မှု ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါပေမဲ့ အခုနှစ်ရက်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှုအသစ် မရှိဘူးလို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
ရှန်ဟိုင်းက Deji ဆေးရုံဟာ သူတို့ရဲ့ တရားဝင် WeChat အကောင့်မှာ မြို့တော်ရဲ့ ရောဂါပိုးတွေ့ရှိသူစာရင်းကို အသိပေးပြီး စုစုပေါင်း ၅.၄၃ သန်းခန့် ရှိတယ်လို့ ပို့စ်တင်ခဲ့ပါတယ်။
ကိုဗစ်အတည်ပြုလူနာတွေ ပြန်လည်မြင့်တက်နေလို့ ရှန်ဟိုင်းမြို့က မူကြိုကျောင်းနဲ့ သူငယ်တန်းကျောင်းတွေအားလုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့၊ တနင်္လာနေ့ကစပြီး ပိတ်ထားဖို့ ရှန်ဟိုင်းပညာရေးဗျူရိုက ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှုန်းဟာ ကိုးဆယ်ရာခိုင်နှုန်းနဲ့အထက် ရှိပေမယ့် အရွယ်ရောက်ပြီးသူတွေနဲ့ အသက်ရှစ်ဆယ်နဲ့အထက် လူတွေရဲ့ ကာကွယ်ဆေး ထိုးနှုန်းဟာ ကျဆင်းလာတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ – AP
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #တရုတ် #ကိုဗစ် #နိုင်ငံတကာသတင်း