တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချ

Author ကိုပေါက်
Categories
Published on Dec 28, 2022

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ယနေ့ နံနက်ပိုင်းတွင် အိုးဘိုအကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

အိုးဘိုအကျဥ်းထောင်ရှိ စစ်ကောင်စီ၏ အထူးတရားရုံးမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက စွဲဆိုထားသည့်ပုဒ်မ ၅၀ (ည) အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာဖြစ်သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သူကို PDF တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး အလုပ်နဲ့ထောင်ဒဏ်ချမှတ်တာပါ ချုပ်ရက်တွေကိုတော့ ထုတ်နုတ်ခံစားခွင့်ပြုထားပါတယ်”ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့တာဖြစ်သည်ဟု ရှေနေတစ်ဦးက CJ Platform ကို ပြောသည်။

“ဒေါက်တာဇော်မြင့်မောင် ရုံးချိန်းကအပြန် အဖမ်းခံရတာ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး၊ စိတ်မကောင်းဘူး ဒီနေ့ ကျန်းမာရေးကောင်းတာမြင်ရတော့ ဝမ်းသာတယ်”ဟု ပြောသည်။

စစ်တပ်အာဏာမသိမ်းမှီက တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည် Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုနှင့် နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီယားအမှုတို့ကို လိုက်ပါဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒေါ်ရွက်နုအောင် #အိုးဘိုထောင်