တမူးမြို့မှာ CDM ကျောင်းဆရာမတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

Author CJ Platform
Categories
Published on Aug 27, 2022

🖋အောင်နိူင်သူ

စစ်ကိုင်းတိုင်း တမူးမြိုနယ်တွင် CDM ပြုလုပ်ထားသော အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ယမန်နေ့ ညနေပိုင်းက ကြိုးဆွဲချ သေဆုံးသွားသည်ဟု မြိုခံတွေဆီက သိရသည်။

တမူးမြိုဈေးတန်း ၁၀ ရပ်ကွက်မှာနေထိုင်သည့် အလယ်တန်းပြဆရာမတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်မြိုနယ်တရားရုံးတွင် ကွာရှင်းစာချုပ်လက်မှတ်ထိုးပြီးအပြန် နေအိမ်တွင် ကြိုးဆွဲချခဲ့တာဖြစ်သည်ဟု မြိုခံတစ်ဦးကပြောသည်။

“CDM က လုပ်ထားစားဝတ်နေရေးက အဆင်မပြေချိန် ခင်ပွန်းဖြစ်သူကပါ ကွာရှင်းလိုက်တော့ စိတ်ညစ်ပြီး ကိုယ့်ကို ကြိုးဆွဲချသွားတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

နေအိမ်တွင် ကြိုးဆွဲချပြီးနောက် ပရဟိတအသင်းများက တမူးမြိုဆေးရုံကို ပိုဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

သေဆုံးသူမှာ  ကနန်အထက်တန်းကျောင်းခွဲမှ အလယ်တန်းပြဆရာမ ဒေါ်စမ်းစမ်းမိုးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူဆရာမတစ်ဦးလည်း ဖြစ်သည်။

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက်တွင် ပြည်သူ့ဝန်ထမ်းများသည် အကြမ်းဖက်အာဏာဖီဆန်သည့် အနေဖြင့် CDMလုပ်ဆောင်ခဲ့ကြပြီး CDMဝန်ထမ်း အများစုမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီ၏ ဖမ်းဆီးမည်ကို စိုးရိမ်ရသည့်အပြင် အထောက်အပံ့ဝင်ငွေ မရရှိမှုကြောင့် စားဝတ်နေရေး ခက်ခဲမှုများကို ကြုံတွေ့နေခဲ့ရသည်။