တပ်ရင်းမှူးအတွက် မနက်စာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး နှစ်ဦးသေ

Author ခေတ်နီ
Categories
Published on Jan 12, 2023

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် မနက်စာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကြောင်း Zero ပျောက်ကြားတပ်ဖွဲ့(မြင်းခြံ)ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် သံချပ်ကာ ကွပ်ကဲရေးဌာနချုပ်(၇၂)တပ်မှ အရာရှိများအတွက် မနက်စာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီးကို ယနေ့ ဇန်နဝါရီလ ၁၂ရက်မနက် ၄နာရီခွဲဝန်းကျင်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် နှစ်စီးအနက် တစ်စီး မိုင်းထိမှန်ပျက်စီးခဲ့ကာ စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က မနက်တိုင်း တပ်ရင်းမှူးအတွက် စျေးဝယ်ထွက်တယ် ဆိုင်နာမည်တော့ မပြောတောပါဘူး အဲ့တပ်ကို ဒီဖက်မယ် ခြေတော်ရာတပ်လို့သိတယ် အဲ့တာကျနော်တို့က တစ်ပတ်လောက် စောင့်ကြည့်ပြီး တိုက်တာပေါ့ လက်နက်ကောက်မလို့ လုပ်တဲ့အချိန်မှာ မိုင်းမထိခဲ့တဲ့နောက်တစ်စီးက ပစ်လို့ ပြန်ဆုတ်လာခဲ့ရတာပေါ့ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိဘူး” ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသက်ကြီးမှ CJ platform သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့်သရဲနီ (UG)အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်း #သံချပ်ကာကွက်ကဲရေး #စစ်ကောင်စီတပ်မိုးင်းထိ