တပ်မတော်အနေဖြင့် နိုင်ငံရေးမှ လုံး၀စွန့်ခွာမည်ဆိုပါက စားပွဲဝိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 02, 2022

တပ်မတော်အနေဖြင့် နိုင်ငံရေးမှ လုံး၀စွန့်ခွာမည်ဆိုပါက စားပွဲဝိုင်းဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့က Reuters Next “leadership Summit နှင့် Global Broadcast” အစီအစဉ် အင်တာဗျူးတွင် ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုပမ်းလုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် မဆွေးနွေးဘူးဟု သဘောထားထုတ်ပြန်ပြီးဖြစ်ကြောင်း၊ NUG အစိုးရအနေဖြင့် ပြည်သူလူထုအကျိုး၊ နိုင်ငံအကျိုးကြည့်ပြီး လိုအပ်သလို နည်းလမ်းများရှာနေကြောင်း၊ စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံလုပ်ဆောင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ အမြန်ဆုံးကာကွယ်နိုင်ရန် PDF များကိုအင်အားကောင်းကောင်းဖြင့်၊ အထူးသဖြင့် ရုရှားလေယာဉ်များဖြင့် ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတာ၊ ရွာတွေကို မီးရှို့နေတာ စသဖြင့် ဒါတွေကို ကာကွယ်ဖို့ လေယာဉ်ပစ်လက်နက်များရှိရင်တော့ ကျွန်တော်ထင်တာ ခြောက်လလောက်နဲ့ နိုင်သွားပါပြီ၊ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့ စားပွဲဝိုင်းကို ရောက်လာခြင်မှာပါ၊ နောက် အာဆီယံရဲ့ အဆိုပြုချက်တွေ လက်ခံလာမှာ၊ USနဲ့ EU ရယ် ကမ္ဘာ့နိုင်ငံများရဲ့ တောင်းဆိုချက်ကို သူလိုက်နာလာမှာပါ၊ ဒါမှ မဟုတ်ရင် လိုက်နာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒါကို အပြင်းအထန်လုပ်ရမယ်လို့ထင်ပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။

ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုစိတ်ရှိသည့် နိုင်ငံတကာ မိတ်ဆွေများအနေဖြင့် လေးလေးနက်နက် စဉ်းစားစေချင်ကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးရမည် ဆိုပါက အချက်ငါးချက်တောင်းဆိုခြင်ကြောင်း ယင်းကပြောသည်။

“ နံပါတ် တစ်အချက်ကတော့ အာဆီယံကတောင်းဆိုထားတဲ့ ပြည်သူလူထူသတ်ဖြတ်နေတာကို ရပ်ဆိုင်းရမယ်။ တပ်မတော်က နိုင်ငံရေးကနေလုံး၀စွန့်ခွာတယ်ဆိုတာကို လုံး၀အာမံချက်ရှိရမယ်။ နိုင်ငံသားတွေ ဒုက္ခရောက်နေတာကို နိုင်ငံတကာ ကူညီတာကို အနှောက်အယှက်မရှိကူညီဖို့ သဘောတူရမယ်။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီနဲ့ ဆန့်ကျင်တာမို့ အဲ့ဒါကို ဖျက်သိမ်းတယ်ဆိုတာကို သူတို့လက်ခံရမယ်။ နိုင်ငံတကာက ဒါကိုခိုင်မာအောင် အာမခံထားတဲ့ ကြားမှာ ဆောင်ရွက်ဖို့လိုတယ်။ ဒါဆိုရင်တော့ ဆွေးနွေးကောင်းဆွေးနွေးဖြစ်ပါလိပ်မယ်” ဟု ယာယီသမ္မတကပြောကြားသည်။

ထို့ပြင် အိမ်နီးချင်း နိုင်ငံများဖြင့် အဆင်ပြေအောင်ဆက်ဆံမည်ဖြစ်ပြီး အကူအညီများရရန်အတွက် စဉ်းစားထားမှုများရှိကြောင်း၊ NUG ကိုနားလည်ပေးသည့် US, EU နှင့် အခြားမိတ်ဆွေနိုင်ငံများကလည်း လုပ်ဆောင်မှုများရှိကြောင်း၊ ERO ဟုခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် သဘောတူထားမှုသည် တကယ်ကူညီသည့် မိတ်ဆွေနိုင်ငံများ တဆင့် အကူအညီများရရန် ကြိုးစားမှုများရှိကြောင်း၊ ယူကရိန်းနိုင်ငံကို အမေရိကန်နှင့် EU နိုင်ငံများ ထောက်ပံ့သလို ထောက်ပံ့ပါက ပြည်သူလူထုသတ်ဖြတ်ခံရသည့် ဆင်းရဲ ဒုက္ခများအမြန်ဆုံး ပြေငြိမ်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတကပြောကြားသည်။

“ စစ်တပ်က အင်မတန်အားကောင်းတဲ့ လက်နက်တွေနဲ့ ရဟတ်တွေနဲ့ ပြည်သူလူထုအပေါ် အပြစ်မဲ့သတ်ဖြတ်တာ၊ ရွာတွေမီးရှို့တာကို အမြန်ဆုံး ရပ်တန့်ခြင်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာက လူချင်းစာနာစိတ်ရှိတဲ့ မိတ်ဆွေများအနေဖြင့် ကူညီမယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်။ နိုင်ငံပြန်လည် တည်ဆောက်တဲ့အခါမှာ သူတို့နဲ့ပေါင်းပြီးတော့ နိုင်ငံပြန်လည်တည်ဆောက်ခြင်ပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။

နွေဦးတော်လှန်ရေးတွင် PDF များဘက်က အကျဆုံးရှိသော်လည်း စစ်ကောင်စီလောက်မများကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးမှုသည် နှစ်သောင်းခွဲခန့်ရှိပြီး၊ PDF ဘက်မှကျဆုံးမှု နှစ်ထောင်ခန့်ရှိကြောင်း၊ အဆိုပါ ပေးစပ်မှုများသည် အရင်းအနှီးအဖြစ်ခံယူထားပြီး စိတ်မလျော့ကြောင်း ယာယီသမ္မတကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဆွေးနွေးမှု #ယာယီသမ္မတ #ဒူဝါလရှီးလ