တန့်ဆည်ရှိ စစ်တပ်အထိုင်ချရာ နေရာများ ရုတ်တရက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ အထိအခိုက်များပြား

Author ခေတ်နီ
Categories
Published on Nov 22, 2023

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် အထိုင်ချနေရာများကို ဒေသကာကွယ်ရေးတပ်များမှ ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်များအကြား ထိခိုက်မှု ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

တန့်ဆည်မြို့နယ် အတွင်းရှိ မြို့တော်ခန်းမ ၊ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များမှ နိုဝင်ဘာလ ၂၂ရက်နေ့ မနက်အစောပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

“အထိုင်စခန်းတွေ သိမ်းလိုက်ပြီ ၊မြို့မစခန်းတစ်ခုပဲ ကျန်တော့တယ်၊တန့်ဆည်က သိမ်းပြီး မီးရှို့ဖျက်စီးပြီး ပြန်ဆုတ်ကြတာ အခုကတော့ မြို့ပေါ် ငြိမ်နေတယ်။ မြို့မစခန်းကို သွားစုနေကြတာ၊ဝါသဝ ဘာလုပ်မလဲနှင့် လေကြောင်းရန် စောင့်ကြည့်နေတာ”ဟု CJ Platform၏ သတင်းရင်းမြစ်ကဆိုသည်။

 

အဆိုပါ စီးနင်းမှုများအတွင်း စစ်ကောင်စီတပ် မှထိခိုက်သေဆုံးမှု များပြားပြီး ကာကွယ်ရေးတပ်များဘက်မှလည်း တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေအနေ အသေးစိတ်ကို CJ Platformအနေဖြင့် စုံစမ်းစဲဖြစ်သည်။

 

အဆိုပါ တိုက်ပွဲများကို တန့်ဆည် ပကဖ အပါအဝင် ရွှေဘိုခရိုင်တပ်ရင်းများနှင့် LPDF တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။