တန့်ဆည်မြို့တွင် သေနတ်ကိုင်ဆောင်ပြီး ဆိုင်ကယ်နှစ်စီးဖြင့် မြို့ပတ်နေသည့် ပျူစောထီးနှစ်ဦး ရှင်းလင်းခံရ

Author လင်းခိုင်
Categories
Published on Dec 02, 2022

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် သေနတ်ကိုင်ဆောင်ပြီး ဆိုင်ကယ်နှစ်စီးဖြင့် မြို့ပတ်နေသည့် ပျူစောထီးနှစ်ဦးအား ရှင်းလင်းခဲ့ကြောင့် Taze People comrades က ယနေ့တွင် ထုတ်ပြန်ထားသည်။

ရွှေဘိုခရိုင် တပ်ရင်း ၂၅ နှင့် တန့်ဆည် ပကဖ တို့ပူးပေါင်းပြီး ရန်သူ့သေနတ်ရရှိရေး မစ်ရှင်အဖြစ် တန့်ဆည်မြို့တွင် ဒီဇင်ဘာ တစ်ရက်က လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်သည် ဒီဇင်ဘာ ၁ ရက် နေ့လည် ၁၂ နာရီတွင် ကာဘိုင်သေနတ် တစ်လက် ဆိုင်ကယ်နှစ်စီးဖြင့် စီးနင်းလာသည့် ပျူစောထီးနှစ်ဦးအား တန့်ဆည်မြို့၊ ကျွဲဆွဲစာသင်ကျောင်းအနီး ကန်ဘောင်တွင် ပူးပေါင်းတပ်ဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ တစ်ဦးသည် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိကာ ထွန်ပြေးခဲ့ပြီး ပိတောက်ဝါ စတိုးဆိုင်အနီးတါင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးပြီးနောက် သေဆုံးခဲ့သည့် ပျူစောထီးတစ်ဦး သည် ကာဘိုင်သေနတ်ကို ဖွက်ခဲ့သဖြင့် ရှာဖွေမတွေ့ရှိခဲ့သော်လည်း ကျည်ဘောက်တစ်ခု နှင့် ကာဘိုင်ကျည် ၁၄တောင့်ကိုသာ ပူးပေါင်းတပ်ဖွဲက သိမ်းဆည်းရမိခဲ့သည်။

အထက်ပါ စစ်ဆင်ရေးကို လှုပ်ရှားခဲ့သည့် တိုက်ခိုက်ရေးသမားများအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ပျူစောထီးများကိုရှင်းလင်းရခြင်းသည် ယခင်လများတွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ ပူးပေါင်းပြီး တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာနေအိမ်ပေါင်းမြောက်များစွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် တန်ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Taze
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #တန့်ဆည်မြို့ #ပျူစောထီး