တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်
အခု ဒီဇင်ဘာ ၇ရက်နေ့ကနေ ၁၃ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်မှာ အပူပိုင်းမုန်တိုင်း တစ်လုံး ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ဒီမုန်တိုင်းဟာ ပင်လယ်ပြင်အတွင်းမှာပဲ ပျက်ပျယ်သွားနိုင်ပေမယ့် သူ့ရဲ့ အရှိန်ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးရွာသွန်းနိုင်ခြေ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ဒေသတွေမှာတော့ မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးအနည်းရွာသွန်းနိုင်ပါတယ်။
