တစ်ကမ္ဘာလုံးနီးပါး Facebook error ဖြစ်ပွါးပြီး အကောင့်ဝင်မရခြင်းများဖြစ်နေ

Author MM
Categories
Published on Mar 05, 2024

ယနေ့ ည ၁၀နာရီခန့်မှာ မြန်မာတစ်နိုင်ငံလုံးရှိ Facebook အသုံးပြုသူများ အကောင့်များ auto logout ထွက်သွားပြီး ပြန်ဝင်မရခြင်းများဖြစ်ပွါးခဲ့သည်။

 

“ Facebook က သုံးနေရင်းနဲ့ ထွက်သွာရတာ ပြန်ဝင်လို့မရတော့ဘူး ၊ ဘာမှလုပ်မရတော့ဘူး” ဟု အသုံးပြုသူများက ဆိုသည်။

 

ယင်းသို့ဖြစ်ပွါးသည်မှာ မြန်မာနိုင်ငံတစ်ခုတည်းတင်မဟုတ် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ အသုံးပြုသူများပါ ဖြစ်ပွါးခြင်းဖြစ်ကြောင်းသိရသည်။

 

“ထိုင်းမှာလဲဖြစ်သွားတယ် Facebook သုံးလို့မရတော့ဘူး” ဟု ထိုင်းမှာနေထိုင်သူတစ်ဦးက ဆိုသည်။

 

ယင်းကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ အသုံးပြုသူများလဲ Facebook error ဖြစ်ပြီး သုံးမရတော့ကြောင်း Twitters စာမျက်များတွင် တင်ထားသည်ကိုလည်းတွေ့ရသည်။

 

Facebook တင်မကပဲ Meta ကုမ္ပဏီ ရဲ့ ထုတ်ကုန်အားလုံးလဲ အသုံးပြု၍ မရတော့ကြောင်း twitters စာမျက်နှာများတွင်ဖော်ပြထားသည်။