ဇူလိုင် ၂၂ရက်နေ့ရဲ့ နွေဦးမှတ်တမ်း

Author CJ Platform
Categories
Published on Jul 22, 2025

နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက် ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ အဖြစ်အပျက်တွေကို ပြန်လည်ဖော်ပြပေးမယ့် နွေဦးမှတ်တမ်းဆိုတဲ့ အစီစဉ်ပဲ ဖြစ်ပါတယ်။

 

နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက်ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ တိုက်ပွဲအခြေအနေတွေ၊ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အမှတ်ရစရာ စစ်ရာဇဝတ်မှု အဖြစ်အပျက်တွေနဲ့ အမှတ်ရစရာ တော်လှန်ရေး လှုပ်ရှာမှုတွေကို  CJ Platform က စုစည်း တင်ဆက် ပေးလိုက်ပါတယ်။

ဒီနေ့ကနေ့ ဇူလိုင် ၂၂ ရက် မှာတော့ ပြီးခဲ့တဲ့ ၄ နှစ်ရဲ့ ဇူလိုင် ၂၂ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။

 

တိုက်ပွဲတွေမှာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၂၂၂  မှာ တိုက်ပွဲ ၈ ခု၊  ၂၀၂၂ မှာ ဇူလိုင် ၂၂ တိုက်ပွဲ ၆ ခု၊ ၂၀၂၃ ဇူလိုင် ၂၂  မှာ တိုက်ပွဲ ၁၃ ခု နဲ့ ၂၀၂၄ ဇူလိုင်မှာ ၂၂ တိုက်ပွဲ ၂၂ ခုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။

ထူးခြားတဲ့အဖြစ်အပျက်အနေနဲ့ ပြီးခဲ့တဲ့နှစ်က TNLA နဲ့ MDY-PDFတွေဟာ ကျောက်မဲနဲ့ မိုးကုတ် နဲ့ နောင်ချိုမြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေလုပ်ဆောင်ခဲ့ပါတယ်။ ဇူလိုင် ၂၂ ရပ်နေ့မှာတော့ မိုးကုတ်က ပန်မထိပ်ရွာ အနီး အကျောင်းထောင်က စစ်ကောင်စီစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး လူက်နက်ခဲယမ်းနဲ့ အလောင်းတွေရရှိခဲ့တာပါ။ ကျောက်မဲမြို့နယ်မှာလည်း လက်နက်ခဲယမ်း အမြောက်အများနဲ့ စစ်သုံ့ပန်း ၄၀ခန့် ဖမ်းဆီးရမိခဲ့တာပါ။

 

စစ်ရာဇဝတ်မှာဆိုရင်လည်း အရပ်သား သတ်ဖြတ်ခံရတာနဲ့ နေအိမ်မီးရှို့ခံရတာတွေဖြစ်ပွားခဲ့ပြီး အရပ်သားသတ်ဖြတ်ခံရာဟာ ပြီးခဲ့တဲ့ ၂၀၂၁  ဇူလိုင် ၂၁ မှာ ၁ ဦးနဲ့ ၂၀၂၃ ဇူလိုင် ၂၁ မှာ ၁ ဦး နဲ့ ၂၀၂၄ ဇူလိုင် ၂၂ မှာ ၆ ဦးဖြစ်ပါတယ်။ မီးရှို့ခဲ့တဲ့ အိမ်ခြေဟာလည်း ပြီးခဲ့တဲ့  ၂၀၂၂ ဇူလိုင် ၂၂ မှာ နေအိမ် ၁၀ နဲ့ ၂၀၂၃ ဇူလိုင် ၂၂ မှာ နေအိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

 

ထူးခြားမှုအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၃ ဇူလိုင် ၂၂ မှာ ဆားလင်းကြီးမြို့နယ်တွင်း စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့ဝင်ရောက်ခဲ့တာကြောင့် ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာ ၂၅ ရွာ က ဒေသခံ ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။