ဇီးဖြူကုန်း ပျူစခန်းကို M.R.D.A ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် ပျူ ၁၅ ဦးခန့် သေဆုံး

Author လင်းခိုင်
Categories
Published on Dec 16, 2022

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို မြန်မာ့တော်၀င်နဂါးတပ်တော် (M.R.D.A) မှ အထူးအဖွဲ့များနှင့် 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုသည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅နာရီခန့်တွင် ဇီဖြူကုန်းရွာ ပျူစခန်းကို အနောက်ဘက်မှ အနီးကပ်ချဉ်းကပ် အလစ်ငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပျူများစုဝေးနေချိန် ဖြစ်သောကြောင့် ၁၅ ဦးခန့်သေဆုံးကာ၊ လေးဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း M.R.D.A က ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသည် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီးများဘက်မှ စက်လက် နှစ်လက်ဖြင့် ပြန်လည်ပစ်ခတ်ကာ ၆၀ မမ ၁၁လုံးခန့်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“ပျူတွေက စုနေတာ၊ မီတာ ၁၀၀ လောက်ပဲရှိတာဆိုတော့ တိုင်ပင်ခေါ်ပြီး auto ပစ်ခဲ့တာ၊ သူတို့စီကို 79 ကောတည့်တည့်ကျတာဆိုတော့ အတော်များများလဲကျသွားတယ်။ လေးယောက်လောက်ပဲ ထွက်ပြေးလွတ်သွားတာ ၊ပြီးတော့ ကင်းပုန်းက ထပစ်တော့တာပဲ” ဟု အနီးကပ်ပစ်ခတ်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း ဇီဖြူကုန်းပျူစခန်းမှ ပျူစောထီးများ ညကင်းလဲချိန်တွင် တိုက်ခိုက်ခဲ့မှုကြောင့် ပျူစောထီး သုံးဦးခန့်သေဆုံးသဖြင့် ယခုလအတွင်း ဇီးဖြူကုန်းပျူစခန်းမှ ပျူစောထီး ၁၈ ဦးခန့်သေဆုံးခဲ့သည်။

အထက်ပါ စစ်ဆင်ရေးအား ဆောင်ရွက်ခဲ့သည့် ပြည်သူ့ရဲဘော်များအနေဖြင့် လုံခြုံဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

M.R.D.A အနေဖြင့် အနာဂတ်အောင်ပွဲအတွက် အစဉ်မပြတ်ကြိုးစားနေပြီး၊ ဒေသတွင်း တော်လှန်ရေး အင်အားစုများဖြင့် ပူးပေါင်းကာ ယခင်ထက်ပိုမိုကြိုးစားသွားမည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-96 Soldiers PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ်