ဆောင်ကန်းတိုက်ပွဲ ကျဆုံးရဲဘော်၏ စျာပန ယမန်နေ့ကပြုလုပ်

Author ခေတ်နီ
Categories
Published on Nov 01, 2022

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဆောင်ကန်း(ရှမ်း) ရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦး၏ စျာပနကို ယမန်နေ့တွင် ပြုလုပ် ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ မှ ထုတ်ပြန်ထားသည်။

ဆောင်ကန်းကျေးရွာအနီး ပြီးခဲ့သည့် အောက်တိုဘာ လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှလဲ အကျအဆုံးရှိခဲ့ပြီးKNDF တပ်ရင်း ၂ မှအသက် ၂၈ နှစ်အရွယ် ရဲဘော်ပီတာ (ခ)ကျော်သိန်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ကျဆုံးခဲ့သည့် ရဲဘော် ပီတာ(ခ)ကျော်သိန်း၏ စျာပနကို ယမန်နေ့အောက်တိုဘာ ၃၁ရက်တွင် ပြုလုပ်ခဲ့ပြီး ၎င်း၏မိဘဆွေမျိုးများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နှင့် KNDF တပ်ရင်း၂၏ အကြီးအကဲများက
ဂုဏ်ပြု မြေမြှုပ် သင်္ဂြိုဟ်ပေးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲ -လွိုင်ကော်လမ်းမကို ထိန်းချုပ်နိုင်ရန်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး ကရင်နီကာကွယ်ရေးတပ်များနှင့် နေစဥ်နီးပါးတိုက်ပွဲဖြစ်ပွားနေခဲ့တာပဲ ဖြစ်သည်။