ဆိုင်ကယ်သုံးစီးဖြင့် လူခြောက်ဦးက ဓါးဖြင့်တိုက်ခိုက်လုယက်မှုအား Hijet ယာဉ်တစ်စီးက လိုက်တိုက်ကာ ဖမ်းဆီးပေး

Author မေ
Categories
Published on Nov 22, 2022

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၌ နိုဝင်ဘာ ၂၁ရက် ညပိုင်းက ဆိုင်ကယ်သုံးစီးဖြင့် လူခြောက်ဦးက ဓါးဖြင့်တိုက်ခိုက်လုယက်မှုအား Hijet ယာဉ်တစ်စီးက လိုက်တိုက်ကာ ဖမ်းဆီးပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ရက် ည ၉နာရီကျော်က ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသား ၆ ဦးက အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့၌ လူတစ်ဦးအား ဓါးဖြင့် တိုက်ခိုက်ကာ လုယက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများဧ၊် ပြောကြားချက် အရ သိရသည်။ ထိုသို့ လုယက်နေစဉ် အဆိုပါနေရာအနီးမှ မောင်းနှင်လာသော Hijet ယာဉ်တစ်စီး\ ယာဉ်မောင်းမှ တွေ့မြင်ကာ ဖမ်းဆီးရမိရန် အတွက် ကားဖြင့် ဆိုင်ကယ်သုံးစီးအား လိုက်လံ တိုက်ခဲ့ကြောင်း သိရသည်။

Hijet ကားဖြင့် အနောက်မှ လိုက်လံတိုက်မှုကြောင့် လုယက်သူ ခြောက်ဦး၏ ဆိုင်ကယ်သုံးစီးမှာ မောင်းနှင် ထွက်ပြေးကြရာ အင်းစိန် ဖော့ကန်သို့ အရောက်၌ ဆိုင်ကယ်အား ကားဖြင့် တိုက်မိခဲ့ကြောင်း သိရသည်။ လုယက်သူ ခြောက်ဦးမှာ ဆိုင်ကယ်များနှင့် လုယက်စဉ် အသုံးပြုသည့် ဓါးတို့အား ပစ်ချကာ အဆိုပါနေရာအနီး ရထားသံလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

” ရုပ်ရှင်ဆန်ဆန်ဘဲ။ လုတဲ့သူတွေက အောင်ဆန်းဈေးရှေ့ လုနေတုန်း ဖြတ်မောင်းလာတဲ့ ဟိုက်ဂျက်က တွေ့လို့ လိုက်တိုက်ပြီး ဖမ်းပေးတာ။ ဖော့ကန်အရောက် ဆိုင်ကယ်တွေနဲ့ ကားတိုက်မိပြီး ဒီကောင်တွေက ဆိုင်ကယ်တွေနဲ့ ဓါးကို ပစ်ချထားပြီး ရထားသံလမ်းဘက် ထွက်ပြေးသွားကြတာ။ သတိထား သွားလာကြပါ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး ခိုးဆိုးလုနှိုက် အပါအဝင် လုယက်သတ်ဖြတ်မှု များပြားခဲ့သည်။ ပြစ်မှုအများစု၌ ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးရမိခြင်း မရှိသဖြင့် ပြည်သူအချင်းချင်း ကူညီကာ ဖမ်းဆီးရမှုများလည်း ရှိသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #လုယက်မှု