ဆိပ်ဖြူတွင် စစ်ကားမိုင်းဆွဲခံရပြီး ဗိုလ်ကြီးအပါအဝင် ၇ ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Jan 30, 2023

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ချောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ချောက် -ပကဖ )ထံမှ သိရသည်။

ဆိပ်ဖြူ – ဆောလမ်းမကြီးပေါ်ရှိ ဖလံမရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ကပစ ၂၁၏ စစ်ကြောင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ချောက် (ပကဖ)အဖွဲ့နှင့် ဆိပ်ဖြူဘာမထီတပ်ဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က ကားလေးနဲ့ အနီးဆုံးနေရာထိလာချပြီး တက်လာတာပါ တပ်စိတ်တစ်စိတ်လောက်ပေါ့
ကျွန်တော်တို့ရဲ့ မိုင်းကွင်းထဲ ဝင်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ခင်ဗျ၊ ကလေးတွေ အနေနဲ့ မောင်းပြန်မပါတဲ့အတွက် နောက်ဆုတ်ခဲ့ပြီး နောက်က အကူအဖွဲ့လာမှ တက်တဲ့အတွက် လနပစ္စည်းမရလိုက်ပါ”ဟု ချောက်( ပကဖ)၏ ပြန်ကြားရေးတာဝန်ရှိသူက CJ Platformသို့ ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျဆုံးခဲ့သည့် ဆိပ်ဖြူဘာမထီအဖွဲ့၏ တပ်ဖွဲ့ဝင် ၁၀ ဦးအတွက် တိုက်ခိုက်သည့် စစ်ဆင်ရေးဖြစ်ကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မကွေးတိုင်း #ဆိပ်ဖြူမြို့