ဆားလင်းကြီးတွင် IWFMအဖွဲ့ဝင် နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့

Author ခေတ်နီ
Categories
Published on Dec 06, 2022

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ၏အဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း အဆိုပါအဖွဲ့၏အဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

ဆားလင်းမြို့နယ် အရှေ့ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဝင်ရောက်မီးရှို့ခဲ့ဖျက်ဆီးခဲ့ရာတွင် ကျေးရွာ ၄ ရွာရှိ IWFM အဖွဲ့ဝင်များ၏ နေအိမ် ၃၉ အိမ် မီးရှို့ခံခဲ့ရတာပဲ ဖြစ်သည်။

နေအိမ်မီးရှို့ခံရသည့် IWFMအဖွဲ့ဝင်များသည် အမှတ် ၆ ချည်မျှင်နှင့်အထည်စက်ရုံ ဆားလင်းကြီးမှ ဖြစ်ကြောင်း သိရသည်။

“ရွာ ၄ ရွာပေါင်းဆို ၃၉ အိမ်လောက်ပါသွားတယ် ကျတော်တို့က IWFMအဖွဲ့ထဲက အစိုးရဝန်ထမ်း CDMအဖွဲ့ဝင်ပေါ့ အဲ့စာရင်းတွေကိုကိုင်ပြီး တစ်အိမ်တက်ဆင်းမီးရှို့တာပေါ့ ဒီဆားလင်းကြီးမှာ စစ်တပ်က မီးရှို့တာကြာပြီ ပြည်သူတွေအိမ်နဲ့ ပေါင်းရင်တော့ အများကြီးပေါ့ဗျာ”ဟု IWFMအဖွဲ့ဝင် အလုပ်သမားခေါင်းဆောင်တစ်ဦးက CJ Platformသို့ ပြောသည်။

ဆားလင်းကြီးမြို့နယ်အတွင်း IWFMအဖွဲ့ဝင်များ၏ နေအိမ်များ မီးရှို့ခံရမှုသည် ဒုတိယအကြိမ် ရှိပြီဖြစ်ပြီး ယခင်ကလဲ စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် IWFMအဖွဲ့ဝင် နေအိမ် ၄ လုံးပျက်စီးခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဆားလင်းကြီး #IWFM