ဆန္ဒပြသံဃာထင်၍ ရိုက်နှက်ဖမ်းဆီးပြီး လူဝတ်လဲပြီးမှ တပ်ဘုန်းကြီးဖြစ်နေသဖြင့် သင်္ကန်းပြန်ဝတ်ပေးကာ ကောင်းပန်ပြန်လွှတ်

Author ကိုပေါက်
Categories
Published on Nov 14, 2022

 

ရမည်းသင်းမြို့နယ် မြို့ပေါ်စားသောက်ဆိုင်တစ်ခုတွင် ယမန်နေ့ညနေပိုင်းက ရောက်ရှိနေသော ဘုန်ကြီးတစ်ပါးကို စစ်ကောင်စီသတင်းပေးများက ဆန္ဒပြသံဃာဟု သတင်းပေး၍ ဖမ်းဆီးခဲ့ရာ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးဖြစ်နေ၍ ပြန်လွှတ်ပေးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လှည်းကူးမြို့နယ်ကနေ ရမည်းသင်းမြို့နယ်သို့ NUG နှင့်PDF များ ဆန့်ကျင်ဆန္ဒပြရန်အတွက် ရောက်ရှိနေသည့် အမျိုးသားရေး အစွန်းရောက်သင်္ကန်းဝတ်ဆင်ထားသူတစ်ဦးကို စစ်ကောင်စီသတင်းပေးများက ဖမ်းခိုင်း၍ ဖမ်းဆီးခဲ့ရာမှ တပ်ထောက်ခံသူတစ်ဦးဖြစ်၍ ပြန်လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သာသနာ့ဝင်ကတ်ချည်းပဲ ၂၄ ခုနဲ့မိတယ် မူရင်းက လှည်းကူးက မူးနေတော့ စစ်သားတွေလာဖမ်းတယ်ဆိုပဲ ငါဒီကိုအရေးပေါ်ကိစွနဲ့ လာတာဆိုပြီးပြောတယ် နောက်မှသိရတာ ရမည်းသင်းမှာ ဆန့်ကျင်ဆန္ဒပြဖို့၊ စစ်တပ်ကသိမှာစိုးလို့ လူတွေရှေမှာ လူဝတ်လဲ ရိုက်နှက်ပြီးပြန်လွှတ်လိုက်တယ်”ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ ဓမ္မဘာယာကျောင်းမှ အရှင်သုဇာတဖြစ်ပြီး ၂၀၁၈ခုနှစ်က ရဟန်းဘောင်သို့ဝင်ခဲ့သည်ဟု မြို့ခံတွေရဲ့ပြောပြချက်အရသိရသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ဖမ်းမိသည့်အမျိုးသားရေးအစွန်းရောက်သံဃာတော်ကို မြို့ခံများရှေတွင် လူဝတ်လဲစေပြီး ရိုက်နှက်ပြ၍ စစ်ကားဖြင့်ခေါ်ဆောင်သွာပြီး Express ကားဖြင့် သက်န်းပြန်ဝတ်ဆင်စေကာ ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ- ပေးပို့

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရမည်းသင်း #အမျိုးသားရေးအစွန်းရောက်