စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း ရမည်းသင်းအကျဥ်းထောင်မှ ပြန်လွတ်လာ

Author အောင်နိူင်သူ
Categories
Published on Oct 29, 2022

NLD အစိုးရလက်ထက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဝင်းအား ယမန်နေ့ ညနေပိုင်းတွင် ရမည်းသင်းအကျဥ်းထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်ဟု အကျဥ်းဦးစီးနှင့်နီးစပ်သူတွေဆီက သိရသည်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ)ဖြင့် ရမည်းသင်းအကျဥ်းထောင်တွင် ထောင်ဒဏ်သုံးနှစ်ကျခံနေရသည့် ဝန်ကြီးဟောင်းဦးစိုးဝင်းကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း မည်သည့်အတွက်ကြောင့် လွှတ်ပေးသည်ကိုမူ မသိရှိရသေးပေ။

“ရမည်းသင်းထောင်ကနေ ဦးလှသိန်းနဲ့ ဦးမြင့်နိူင်တို့ကို၂၆ ရက်ကလွှတ်တယ် ဦးစိုးဝင်းကို မနေ့က ညနေပိုင်းကပြန်လွှတ်ပေးလိုက်တယ်”ဟုအကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။

အမှုရင်ဆိုင်နေရဆဲကာလတွင် ဦးစိုးဝင်းသည် အူမကြီးကင်ဆာရောဂါကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူရန်အတွက် ၂၀၂၂ ဇန်နဝါရီ၂၇ရက် ရုံးချိန်းတွင် အာမခံပေးခဲ့ရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်းဦးစိုးဝင်းကို နေပြည်တော် အထူးတရားရုံးမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက နိူင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ၃-၁(ဂ)ဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့တာဖြစ်သည်။