စစ်အုပ်စုတစ်ခုလုံး အလျင်အမြန် မရှင်းလင်းနိုင်ပါက ပြည်သူများ လုံခြုံမှုနှင့် စား၀တ်နေရေး ချောင်လည်နိုင်ရန် ခက်ခဲနေမည်ဟု ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Nov 22, 2022

စစ်အုပ်စု တစ်ခုလုံး အလျင်အမြန် မရှင်းလင်းနိုင်ပါက ပြည်သူများ လုံခြုံမှုနှင့် စား၀တ်နေရေး ချောင်လည်နိုင်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် ၇၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာပြည်သည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံစာရင်း ၀င်ခဲ့ပြီး၊ ဆင်းရဲမွဲတေမှုအမြင့်မားဆုံး နိုင်ငံတစ်ခုလည်းဖြစ်ခဲ့ကြောင်း၊ ထို့ပြင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုကြောင့် တိုင်းပြည်သည် ဆင်းရဲမွဲတေမှု တွင်းဆုံးကျနေပြီဖြစ်ကြောင်း၊ စစ်အုပ်စုနှင့် စစ်တပ်အသိုင်းအဝိုင်းသည် စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ လုပ်ဆောင်နေကြောင်း ယာယီသမ္မတကပြောကြားသည်။

“ကျွန်တော်တို့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ နိုင်ငံရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေကိုလည်း တွန်းလှန်ဖြိုဖျက်ရမယ်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ ဒီအချက်ကို အထူးစဉ်းစားကြဖို့ လိုပါတယ်” ဟု ယာယီသမ္မတကပြောကြားသည်။

နိုင်ငံရေး မကောင်းပါက တိုင်းပြည်စီးပွားရေးမကောင်းနိုင်ကြောင်း၊ စီးပွားရေးနလန်မထူနိုင်ပါက နိုင်ငံရေးပဋိပက္ခသစ်များ ပြန်လည်ဖန်တီးနိုင်သေးကြောင်း၊ အပြန်အလှန် ဆက်စပ်ဖြစ်တည်မှုကို မြင်အောင်ကြည့်ပြီး လူထုနေ့စဉ် စား၀တ်နေရေးအတွက် လုံ့လထုတ်ဖို့ လိုသည်ဟု ယင်းက ဆိုသည်။

“စစ်အုပ်စု တစ်ခုလုံးကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ စိတ်သောက၊ ဒုက္ခကြု့တွေ့နေရအုံးမှာဖြစ်တယ်။ လူထုရဲ့ လုံခြုံမှုနဲ့ စား၀တ်နေရေးကလည်း ချောင်လည်နိုင်ဖို့ မျှော်လင့်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်” ဟု ယာယီသမ္မတကပြောကြားသည်။

အာဏာရှင်စနစ်ကြောင့် လူထုသည် အသက်နှင့် ခန္ဓာလုံခြုံမှု ကင်းမဲ့နေကြောင်း၊ ထူလု ဓနာဥစ္စာ ပိုင်ဆိုင်မှုများလ်း မလုံခြုံတော့ကြောင်း၊ မြို့ကြီး ပြကြီးများတွင် နေ့စဉ်နီးပါး ရာဇ၀တ်မှုများနှင့် သတ်ဖြတ် လုယက်မှုများ ဖြစ်ပွားနေကာ တောနှင့် တောင်ပေါ်ဒေသများတွင်လည်း လူထု အသက်နှင့် ဥစ္စာဓနများကို ဖျက်လိုဖျက်စီး အလုပ်ခံနေကြောင်း ယာယီသမ္မတကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ

Related News

Depend on news