စစ်အာဏာရှင်အောက်တွင် မနေလိုသည့် မြန်မာပြည်သူများဆန္ဒကို လေးစားရန် အမေရိကန်တောင်းဆို

Author လင်းခိုင်
Categories
Published on Sep 15, 2022

စစ်အာဏာရှင်အောက်တွင် မနေလိုသည့် မြန်မာပြည်သူများ၏ ဆန္ဒကိုလေးစားရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်ထားသည်။

ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရရှိခြင်းသည် ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး သာယာဝပြောရေးနှင့် လုံခြုံရေးကိုတိုးတက်အောင်ဆောင်ရွက်ရန်အတွက် အဓွန့်ရှည်တည်တံ့ဆုံးနည်းလမ်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကထုတ်ပြန်ထားသည်။

ဒီမိုကရေစီသည် အတည်တံ့ဆုံးနည်းလမ်းဖြစ်သည်ဆိုသည့် အခြေခံအမှန်တရားတစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် မိမိတို့ထပ်လောင်းအတည်ပြုကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက်ကြိုးပမ်းအားထုတ်နေကြသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် တစ်ရက်မျှ မနေထိုင်ချင်ဘဲ ဒီမိုကရေစီလိုလားတောင့်တနေကြသည့် ပြည်သူ့ဆန္ဒကို လေးစားရန်စစ်အာဏာရှင်ကိုတောင်းဆိုကြောင်း အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ရေးသားထားသည်။