စစ်သားများ၏ ဆိုင်ကယ်ခိုးသွားသူမှာ စစ်သွေးနှင့်ရဲသွေးဖြစ်ပြီး ခိုးရာပါဆိုင်ကယ် စီးလာသူ ရဲတပ်ကြပ်မှတဆင့် ပြန်လည်ဖမ်းဆီးမိ

Author ကိုပေါက်
Categories
Published on Nov 18, 2022

လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ၏ ဆိုင်ကယ်နှစ်စီးကို ခိုးယူခဲ့သည့်နှစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ရာ စစ်တပ်သတင်းပေးနှင့်ရဲသတင်းပေးနှစ်ဦးဖြစ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံတွင် ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ်သူခိုးများကို စစ်ကောင်စီက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်လံဖမ်းဆီးရာ နေအိမ်အား ဝင်ရောက်စစ်ဆေးနေချိန်တွင် စီးလာသည့် ဆိုင်ကယ်အခိုးခံရသည့်ဖြစ်စဥ်မှ ခိုးယူသူနှစ်ဦးကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“မိတာကဒီလို လှည်းကူး မင်းကုန်းဘက်က ရဲတပ်ကြပ်တစ်ဦးက ခိုးသွားတဲ့ဆိုင်ကယ်ကို စီးလာတာ လှည်းကူးတာဆုံမှာတွေ့လို့ စစ်တပ်က သွားစစ်ရာကနေ ဖမ်းမိတာ”ဟုပြောသည်။

 

မင်းကုန်းကျေးရွာဘက်မှ လှည်းကူးတာဆုံဘက်သို့ ဆိုင်ကယ်စီးနှင်လာသည့် ရဲတပ်ကြပ်ကြီးတစ်ဦးကို စစ်ဆေးခဲ့ရာ ခိုယူသွားသည့် ဆိုင်ကယ်နှစ်စီးကို ပြန်လည်သိမ်းဆည်းရမိပြီး ခိုးယူသူနှစ်ဦးမှာ စစ်တပ်နှင့်ရဲကို သတင်းပေးသူများဖြစ်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“အဲ့ဒီနေ့က ဇရပ်ကွင်းမှာ လုယက်သူတွေ ရောက်နေတယ်ဆိုပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ စစ်သွေးဆိုတဲ့သူက ဖုန်းဆက်တယ် စစ်တပ်က သွားစစ်တော့ နောက်ယောင်ခံလိုက်ပြီး ဆိုင်ကယ်ယူသွားတာ နောက်တစ်ယောက်က ရဲသတင်းပေး ရဲသွေး လို့ခေါ်တယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုးကျူးလွန်သူ စစ်သွေး(ခ)ကျော်ထက်နိူင်နှင့် ရဲသွေး (ခ) အောင်မော်ထွန်း တို့နှစ်ဦးအား လှည်းကူးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုသိရသည်။

ရဲသတင်းပေးထံမှ ဆိုင်ကယ်နှစ်စီးဝယ်ယူခဲ့သည့် ရဲတပ်ကြပ်နှင့် ရဲတပ်သားတစ်ဦးကို စစ်ကောင်စီတပ်မှ ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဆေးကုသမှုခံယူနေရသည်ဟု ရဲအသိုင်းအဝိုင်းက သိရသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #လှည်းကူးမြို့ #ဆိုင်ကယ်ခိုးမှု