စစ်ဘေးရှောင် အိမ်ထောင်ဦးစီး အမျိုးသမီး

Published on Nov 09, 2024

မြန်မာအပြင် ကမ္ဘာမှာ သတ်မှတ်ကြတာက အိမ်ထောင်ဦးစီးဆိုရင် အမျိုးသားပါပဲ။ ဒါပေမဲ့ ဆန့်ကျင်ဘက် အိမ်ထောင်ဦးစီးအမျိုးသမီးတစ်ယောက်လည်း အညာမှာ ရှိနေပါတယ်။ သူကတော့ ဒေါ်လှလှမူပါ။ သူဟာ အသက် ၉၀ အရွယ် ဖခင် အို၊ လေဖြတ်ထားတဲ့ ယောကျ်ား၊ သမီးငယ်နှစ်ယောက်ကို ပြုစုလုပ်ကျွေးနေရသူပါ။ အားကိုးရမယ့် သားနှစ်ယောက်ကလည်း စစ်အာဏာရှင်တော်လှန်တဲ့ PDF ရဲဘော်တွေပါ။ ဒါကြောင့် သူတတ်တဲ့ လျှော်နဲ့ တောင်းယက်တာဟာ သူတို့မိသားစုရဲ့ အသက်ပါပဲ။

သူ လောကဓံကို ဘယ်လို ရုန်းကန်ကျော်ဖြတ်နေသလဲ ? သူ့ဒေသ၊ သူ့နိုင်ငံအတွက် သူဘာတွေ မျှော်လင့်ထားပါသလဲ ?