စစ်ဘေးရှောင်ပြည်သူများကို ရှေ့တန်းစစ်မြေပြင်ဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

Author ခေတ်နီ
Categories
Published on Oct 18, 2022

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှာ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း People’s Healthcare Network (Kalay) က ယနေ့မှာ ထုတ်ပြန် ထားသည်။

ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး တိုက်ပွဲဝင်ရဲဘော်များကိုလဲ ရှေ့တန်းစစ်မြေပြင်အထိ အရေးပေါ်ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးကြောင်း PHN (Kalay)က ဆိုထားသည်။

People’s Healthcare Network (Kalay) အဖွဲ့သည် ကလေးမြို့နယ်နှင့် အနီးတဝိုက်ရှိ စစ်ဘေးရှောင်စခန်းများနှင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်ရာနေရာများမှာ ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသည့် အဖွဲ့လဲဖြစ်သည်။