စစ်ဘေးရှောင်ကူညီသည့် အဖွဲ့သုံးဖွဲ့ပူးပေါင်းကာ ဆားလင်းကြီးရှိ မီးရှို့ခံကျေးရွာ ၃ ရွာမှ အိမ်ခြေ ၈၇ လုံးအတွက် မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်း

Author မွန်လေး
Categories
Published on Jan 24, 2023

 

စစ်ဘေးရှောင်ကူညီသည့် အဖွဲ့သုံးဖွဲ့ပူးပေါင်းကာ ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီမီးရှို့မှုကြောင့် ပျက်စီးခဲ့သော ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၈၇ လုံးအတွက် မီးဖိုချောင်သုံးပစ္စည်းများနှင့် အ၀တ်အထည်များ လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက CJ Platform သို့ပြောကြားသည်။

ယခုကဲ့သို့ လှူဒါန်းမှုအား အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ ဓားမဆိုင်းဗိုလ်စွမ်းနှင့် Dhamma Worker Group(Singapore) တို့ ပူးပေါင်းကာ ဇန်နဝါရီ ၂၃ ရက်တွင် လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။

လှူဒါန်းမှုအနေဖြင့် တစ်အိမ်ထောင်လျှင် ဒန်အိုး ၁လုံး၊ ဒယ်အိုး ၁လုံး၊ ဇလုံ ၂လုံး၊ ဇွန်း ၃ချောင်း၊ ကြွေအုပ်
၁လုံး၊ ဆန် ၂ ပြည်၊ ဆီ ၅၀ သားနှင့် အ၀တ်အထည်များ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့အနေနဲ့ ပြည်တွင်း ပြည်ပက အလှူရှင်တွေရှိလာရင် ရှိလာသလို မီးရှို့ခံကျေးရွာက ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးခေါင်သူက ပြောကြားသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့တွင် အိမ်ထောင်စု ၉၃ စုစာအတွက် ဆန်၊ ဆီနှင့် အိမ်သုံးဆောင်ပစ္စည်းများကိုလည်း လှူးဒါန်းခဲ့သေးသည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီမှ စစ်ကြောင်းထိုးကာ မီးရှို့ခဲ့မှုကြောင့် နေအိမ် ရာနှင့်ချီကာ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသတစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အညာပစ်တိုင်းထောင် #စစ်ဘေးရှောင်