စစ်တပ်၏ အရေးကြီးဌာနများကို ဖိအားပေး ချေမှုန်းမည့် လင်းယုန်စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းများ ဖြည့်တင်းရန် လိုအပ်မှုများရှိနေ

Author လင်းခိုင်
Categories
Published on Jan 16, 2023

 

စစ်တပ်၏ အရေးကြီးဌာနများကို ဖိအားပေးချေမှုန်းမည့် လင်းယုန်စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းများ ဖြည့်တင်းရန် လိုအပ်နေကြောင်း Myanmar Defense Force မှ ဗဟိုပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

“ကျွန်တော်တို့ စစ်ဆင်ရေးအတွက် ကမ်းပိန်းကို တစ်လသတ်မှတ်ထားပါတယ်။ ဇန်နဝါရီ ၁၅ ရက်ကနေ ပြီးတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိပါ။ လင်းယုန်ပရောဂျက်အတွက် အထူးလေ့ကျင်ထားတဲ့ လင်းယုန်တပ်ဖွဲ့တွေက မြေပြင်မှာ မစ်ရှင်ကြီးတွေကစလို့ အသေးလေးတွေရော ပွဲကမှာမို့ ပြည်သူတွေအနေနဲ့ နိုင်သလောက် ပါ၀င်အားဖြည့်ပေးကြဖို့နဲ့ ဒီမစ်ရှင်မှာ ရလဒ်ကောင်းတွေ ယူဆောင်လာမှာမို့ ယုံကြည်စိတ်ချစွာ လှူဒါန်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဗဟိုပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

လင်းယုန်စစ်ဆင်ရေးအတွက် အထူးရွေးချယ်ထားသည့် ကွန်မန်ဒိုများသည် အချိန် ၃ လတိတိ လေ့ကျင့်မှုများ ပြုလုပ်ထားပြီး၊ ပြောက်ကျားစစ်ဆင်ရေး၏ နောက်တဆင့်အဖြစ် ရန်သူစစ်တပ်၏ အရေးကြီး စစ်ရေးဌာနများကို ချေမှုန်း သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်စစ်ဆင်ရေးအတွက် ကမ်ပိန်းပြုလုပ်ရခြင်းသည် စစ်ရေးအတွက် ချက်ချင်း လက်ငင်းအသုံးပြုမည် ဖြစ်သောကြောင့် အောင်ပွဲကို ခံစားရမည်ဖြစ်ကြောင်း၊ အနီးကပ်တိုက်ပွဲများဖော်ဆောင်မည်ဖြစ်ကာ၊ တော်လှန်စစ် ဗျူဟာ အခင်းအကြင်းတစ်ခုအနေဖြင့် နောက်တဆင့်တက်မည့် အောင်ပွဲဖြစ်ကြောင်း Myanmar Defense Force မှ ဆိုသည်။

“မစ်ရှင်ကာလအတွင်းမှာရော ပြီးဆုံးတဲ့အခါမှာကော ပြည်သူတွေဆီကို သတင်းကောင်းတွေ ဆက်တိုက် ချပြပေးသွားမှာပါ” ဟု ဗဟိုပြန်ကြားရေးတာ၀န်ခံကပြောကြားသည်။

လင်းယုန်စစ်ဆင်ရေး ကမ်းပိန်းအတွက် လှူဒါန်းချင်သူများ အနေဖြင့် Myanmar Defense Force Facebook Page မှတဆင့် ဆက်သွယ်ကာ ကူညီနိုင်ကြောင်း သိရသည်။

ကမ်းပိန်ကာလ ကို ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိသတ်မှတ်ထားပြီး လင်းယုန်စစ်ဆင်ရေး ဖော်ဆောင်နိုင်ရန် သိန်း ၅၀၀ နှင့်ညီမျှသည့် လက်နက်ခဲယမ်းများကိုလည်း ဖြည့်တင်းနေပြီဖြစ်ကြောင်း Myanmar Defense Force ကအသိပေးထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လင်းယုန်စစ်ဆင်ရေး