စစ်တက္ကသိုလ် အီလက်ထရောနစ်ဌာနရှိ အရာရှိတွေရဲ့ ကိုယ်ရေးအချက်လက်တွေ ပေါက်ကြားလာ

စစ်အုပ်စု လက်အောက်ခံ စစ်တက္ကသိုလ် အီလက်ထရောနစ်ဌာန အရာရှိတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ တပ်တွင်း လျှို့ဝှက်စာ တစ်ခုကို CJ Platform က လက်ခံရရှိထားပါတယ်။
လျှို့ဝှက်စာမှာ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ ၁၃ဦး၊ ဗိုလ်မှူးအဆင့်ရှိသူ ၂၄ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၃ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်ပါတယ်။
စစ်တက္ကသိုလ်ရဲ့ အီလက်ထရောနစ်ဌာနဟာ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စောင့်ကြည့်တာ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ ကြီးကြပ်တာ၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြုပြင် စစ်ဆေး ထုတ်လုပ်တာ၊ CDM တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးနိုင်ဖို့ အသုံးပြုနေတဲ့ PSMS ကို လေ့ကျင့်သင်ကြားပေးတာတွေကို အဓိက လုပ်ဆောင်နေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။
စစ်တက္ကသိုလ် အီလက်ထရောနစ်ဌာနက အရာရှိတွေရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံတွေကို ဩဂုတ် ၁၀ မနက် ၁၁နာရီအချိန်မှာ CJ Platform ရဲ့ YouTube Channel ကနေ တင်ဆက်ပေးသွားပါမယ်။