စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသည့် တက္ကသိုလ်၀င်တန်းအောင်မြင်ထားသူများ New Myanmar University တွင် တက်ရောက်ခွင့်ရရှိမည်

Author မွန်လေး
Categories
Published on Dec 02, 2022

စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသည့် တက္ကသိုလ်၀င်တန်းအောင်မြင်ထားသူများ New Myanmar University တွင် တက်ရောက်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ရက်နေ့တွင် ကြေညာထားသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေးမှ စစ်ကျွန်ပညာရေးကို သပိတ်မှောက် ဆန့်ကျင့်ဆန္ဒပြခဲ့သည့် CDM ကျောင်းသား၊ ကျောင်းသူ များစွာရှိခဲ့ပြီး၊ တက္ကသိုလ်၀င်တန်း အောင်မြင်ထားသူများ၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်သားအခြေခံပြီးမြောက်ထားသူများ၊ GED အောင်မြင်ထားသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ်တက်ရောက်ဆဲဖြစ်သော ကျောင်းသား၊ ကျောင်းသူများတွက် ရည်ရွယ်ပြီး ပထမနှစ်မှ စတင်သင်ကြားသွားမည်ဖြစ်သည်။

သင်ကြားပေးမည့် အထူးပြုဘာသာရပ်များသည် Myanmar , English, Geography , History, Economic, Mathematics, Chemistry, Physics, Zoology, Botay ဘာသာရပ်များကို ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများအတွက် စတင်သင်ကြားပေးမည်ဖြစ်သည်။

မကြာခင်ရက်ပိုင်းအတွင်း မေဂျာများကို မိတ်ဆက် အသိပေးမည်ဖြစ်ပြီး ကျောင်းအပ်ရန်အတွက်လည်း စတင်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရက်ကို တစ်ပတ်အတွင်းသာ လက်ခံမည်ဖြစ်ကာ လူဦးရေ အကန့်အသတ်ရှိကြောင်းလည်းသိရသည်။