စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပဲခူးမြို့ရှိ၊ ပျံကျစျေးသည်အချို့ အရောင်းအ၀ယ်ပါးသဖြင့် စား၀တ်နေရေး ပိုမိုခက်ခဲလာ 

Published on Nov 18, 2022

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ စျေးအချို့တွင် ရောင်းချနေသည့် ပျံကျစျေးသည်များသည် ၀ယ်ယူစားသုံးသူ နည်းပါးသောကြောင့် ရောင်းချသည့် ပစ္စည်းများ နေ့စဉ် မကုန်ဘဲ ပိုလျှံခြင်း၊ ပုံမှန်မရောင်းရခြင်းများကြောင့် အရှုံးပေါ်လျက်ရှိကြောင်း ပျံကျစျေးသည်များထံမှ သိရသည်။

“ ခုစျေးက အရင်ဆို တစ်နေကုန် လူစည်ကားပြီး၊ လက်မလည်အောင် ရောင်းရတာ၊ အခုတော့ တစ်နေ့လုံးမှ တစ်သောင်းဖိုးတောင် မရောင်းရဘူး။ တစ်ချို့နေ့တွေဆို လုံး၀ မရောင်းရတာတောင်ရှိတယ်” ဟု ပဲခူးစျေးတစ်ခုတွင် ပျံကျရောင်းချနေသည့် စျေးသည်တစ်ဦးက CJ Platform သို့ပြောသည်။

ယင်းအပြင် ကုန်စျေးနှုန်းများ အဆမတန်မြင့်မားလာသည့်အတွက် ရရှိသည့် ၀င်ငွေနှင့် ချိန်ဆကာ သုံးစွဲနေရသည့်အတွက် အပိုပစ္စည်းများ သုံးစွဲခြင်းကို လျှော့ချလိုက်ကြောင်း ပဲခူးမြို့နယ်တွင်နေထိုင်သည့် အိမ်ထောင်ရှင်မ တစ်ဦးက ဆိုသည်။

“အရင်ကဆို စျေးကို တစ်နေ့တစ်ခါလာဖြစ်တယ်။ ခုဆိုရင် ရတဲ့ စက်ရုံလစာက တစ်သိန်းကျော်လောက်ကနေမတက်ဘဲ ကုန်စျေးနှုန်းတွေက အရမ်းတက်လာတာ၊ အရင်ကခြင်ဆေးတစ်ဗူးမှ ၄၅၀ လောက်၊ ခုဆို ၉၀၀ ဖြစ်နေပြီ၊ ဘာမှ အပိုမ၀ယ်ရဲဘူး။ စျေးတောင် တစ်ပတ် တစ်ရက်လောက်ပဲ လာဖြစ်တော့တယ်” ဟု အိမ်ထောင်ရှင်မ တစ်ဦးက CJ Platform သို့ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်း၊ အထွေထွေ ကုန်စျေးနှုန်းများ မြင့်တက်ခြင်းများကြောင့် အခြေခံ လူတန်းစားများ ၀င်ငွေထွက်ငွေမမျှတဘဲ စား၀တ်နေရေးခက်ခဲလာခြင်း၊ စျေးသည်များ အရောင်းအ၀ယ်ပါးလာပြီး အရှုံးပေါ်ခြင်းများ စသည့် အခက်အခဲများကို ပြည်သူများ ကြုံတွေ့လျက်ရှိသည်။

ဓာတ်ပုံ- Google

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပဲခူးမြို့ #ပျံကျစျေး #အခြေခံစားသောက်ကုန်