စစ်ကောင်စီ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပိုမိုရှုပ်ထွေးစေမည့် လုပ်ရပ်သာဖြစ်ကြောင်း ဒေါက်တာတေဇာဆန်းပြောကြား

Author မွန်လေး
Categories
Published on Dec 15, 2022

 

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပိုမိုရှုပ်ထွေးစေမည့် လုပ်ရပ်သာဖြစ်ကြောင်း ဒေါက်တာတေဇာဆန်းက ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

စစ်ကောင်စီ ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်း၊ ပြသနာ၏ ထွက်ပေါက် အဖြေလုံး၀မဟုတ်ကြောင်း၊ အဖြေမဟုတ်ရုံသာမက ပြသနာကို ပိုရှုပ်ထွေးစေပြီး၊ ပိုမို ခက်ခဲကျပ်တည်းစေမည့် လုပ်ရပ်သာဖြစ်သည်ဟု ဒေါက်တာ တေဇာဆန်းက ဆိုသည်။

ဖက်ဆစ်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ယင်းတို့ စိတ်တိုင်းကျ ရေးသားပြဌာန်းထားပြီး အမြဲကိုးကားနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်လည်း ကိုက်ညီမှုမရှိကြောင်း၊ ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်းစစ်အုပ်စုက ယင်းတို့ရင်ဆိုင်နေရ သော စစ်ရေး၊ နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်သည်ဟု ဒေါက်တာတေဇာဆန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်သူလူထုသဘောထားနှင့်အညီ ဖျက်သိမ်းခဲ့ပြီဖြစ်သောကြောင့် ရွေးကောက်ပွဲကျင်းပရန် ကြံစည်ခြင်းကို လုံး၀လက်မခံကြောင်း၊ Federal Democracy Charter တွင် ပြဌာန်းထားသည့် နိုင်ငံရေးလမ်းပြမြေပုံ ၁၂ ရပ်တည်သာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ လုပ်ငန်းစဉ်ဖြစ်ကာ အဖြေဖြစ်သည်ဟု ယုံကြည်ကြောင်း ဒေါက်တာတေဇာဆန်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ကျွန်ုပ်အနေဖြင့် ယင်းရွေးကောက်ပွဲကို တရားမ၀င်၊ အတုအယောင်ရွေးကောက်ပွဲ သို့မဟုတ် လုပ်ပွဲဟု သတ်မှတ်ခံယူကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ အကြွင်းမဲ့ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ဒေါက်တာတေဇာဆန်းက ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒေါက်တာတေဇာဆန်း #ရွေးကောက်ပွဲ